Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

အောင်လံမြို့နယ်စည်ပင်၏ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ/ဘဏ္ဍာ/စည်ပင်ဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကွင်းဆင်းစစ်ဆေးစဉ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းသည် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာလ(ယခုလ)အတွင်း ဆောင်ရွက်ခဲ့သည့် သရက်တောရပ်ကွက် (၁)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား နိုဝင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သန်းမြင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၊ အင်ဂျင်နီယာမှူး ဦးထွန်းသူအောင်နှင့် အဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာလမ်းကော်မတီများ လိုက်ပါ၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။