Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

နတ်မောက်မြို့နယ်စည်ပင်မှ COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များလိုက်နာမှုရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက် 

ကွင်းဆင်းစစ်ဆေးစဉ်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါသည် ဒုတိယလှိုင်းအသွင်ဖြင့် ကူးစက်ပြန့်ပွားမှုများ မြင့်တက်လျှက်ရှိရာ ရောဂါကူးစက်မှုကိုထိရောက်စွာ ထိန်းချုပ်၊ကာကွယ်နိုင်ရန်အတွက် တတိယမြောက်နေ့ (၂၁.၁၁.၂၀၂၀)ရက်နေ့၊နံနက် (၀၈:၀၀)မှ(၁၀:၀၀)အချိန်ထိ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း/အပြင်၌ လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း၊ ဈေးရောင်းချသူနှင့်ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေခြင်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ပညာရေဦးစီးဌာန ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှ ၀န်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။