Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

ငဖဲမြို့နယ်စည်ပင်မှ ပဒါန်းကျေးရွာ၊ ကျောက်တန်းလေးဓမ္မရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ဆောင်ရွက်စဉ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ၊ ကျောက်တန်းလေးဓမ္မရိပ်သာရှိ ယခင်က (COVID-19)ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Facility Quarntine ထားရှိသော ကျောင်းဆောင်များနှင့် ကျောင်းဝန်းအတွင်းတွင် ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း ဦးဆောင်ပြီး ဌာနဆိုင်ရာများပါဝင်သော အဖွဲ့ဝင် (၄၇)ဦးတို့စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၈နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မော်မော်လွင်နှင့် ၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာယီရဲမှူး စိန်သောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့ နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးနိုင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပဒါန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပါဝင်သည့် (၄၇)ဦးအဖွဲ့သည် ကျောက်တန်းလေးဓမ္မရိပ်သာကျောင်းဆောင်များနှင့် ကျောင်းဝန်းအတွင်း ခြုံနွယ်များ၊ ပေါင်းမြက်များနှင့်အမှိုက်များကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

Township