
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၅)မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သောလုပ်ငန်းသုံး ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
(က) တင်ဒါလျှောက်လွှာ - ၁၆.၁၂.၂၀၂၀ နံနက်(၀၉း၀၀)နာရီ
စတင်ရောင်းချမည့်နေ့ရက်နှင့်အချိန်
( ခ) တင်ဒါလျှောက်လွှာပိတ်မည့် - ၂၉.၁၂.၂၀၂၀ ညနေ(၄း၀၀)နာရီ
နေ့ရက်နှင့်အချိန်
( ဂ) P.Oစာရင်းပေးသွင်းရန် - ၂၉.၁၂.၂၀၂၀ ညနေ(၄း၀၀)နာရီ
နောက်ဆုံးနေ့ရက်နှင့်အချိန်
(ဃ) တင်ဒါဖွင့်မည့်နေ့ရက်နှင့်အချိန် - ၃၀.၁၂.၂၀၂၀ နံနက်(၀၉း၀၀)နာရီ
( င) တင်ဒါတင်သွင်းစိစစ်ရွေးချယ်မည့် - ထပ်မံအကြောင်းကြားပါမည်။
နေရာ
အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များအား မကွေးပြည်သူ့ဆေးရုံကြီးအတွင်းရှိ အဆောက်အဦအထူးအဖွဲ့(၅)၊ တည်ဆောက်ရေးလုပ်ငန်းခွင်ရုံး၌ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉၄၄၈၃၀၃၃၈၆၊ ၀၉၅၃၄၀၁၃၄၊ ၀၉၆၉၃၀၁၁၂၄၈တို့ထံ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။