Skip to main content

လက်ထောက်ဆရာဝန်ရွေးချယ်ခံရသူများအမည်စာရင်းကြေညာခြင်း

လက်ထောက်ဆရာဝန်ရွေးချယ်ခံရသူများအမည်စာရင်းကြေညာခြင်း

၁။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြေငြာစာအမှတ်၊ (၁/၂၀၂၀)ဖြင့် လျှောက်လွှာခေါ်ယူခဲ့သော မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံကြီး၊ ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် လစ်လပ် လျက်ရှိသည့် လက်ထောက်ဆရာဝန်ရာထူး(၁၀၃)နေရာအတွက် လျှောက်ထားသူများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နည်းဥပဒေ(၁၅)ကိုကျင့်သုံးလျက် ရေးဖြေစာမေးပွဲ ကျင်းပခြင်း မပြုလုပ်တော့ဘဲ မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ စိတ်အခြေအနေနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကို (၈.၇.၂၀၂၀)ရက်နေ့မှ (၉.၇.၂၀၂၀)ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး ရွေးချယ်စစ်ဆေး ရေးကော်မတီ၏ အတည်ပြုချက်အရ ပူးတွဲပါပုဂ္ဂိုလ်(၁၂)ဦးအား လက်ထောက်ဆရာဝန်ရာထူးအတွက် ရွေးချယ်ကြောင်း ကြေညာအပ်ပါသည်။

၂။ အဆိုပါရွေးချယ်ခံရသူများအား လက်ထောက်ဆရာဝန်ရာထူးနေရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ခန့်ထားမည်ဖြစ်ပါသည်။

လက်ထောက်ဆရာဝန်ရွေးချယ်ခံရသူများအမည်စာရင်းကြေညာခြင်း

 

လက်ထောက်ဆရာဝန်ရွေးချယ်ခံရသူများအမည်စာရင်းကြေညာခြင်း