Skip to main content

မကွေးမြို့နယ်စည်ပင်မှ ရေခွန်ပေးဆောင်ခြင်းအားဒဏ်ကြေးကင်းလွတ်ခွင့်ပြု၍ ဆိုင်းငံ့ထားနိုင်ကြောင်း အသိပေးအကြောင်းကြား     

ကြော်ငြာစာ

Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိင်္ဂါဂီရိရပ်ကွက်အတွင်း မကွေးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသွားအလာကန့်သတ်နယ်မြေအဖြစ်သတ်မှတ်သော နေအိမ်များနှင့် ၎င်းနေအိမ်များတည်ရှိရာလမ်း/ရပ်ကွက်အတွင်းမှ ပြည်သူများအနေဖြင့် လစဉ်(၁၅)ရက်နေ့မှ(၂၀)ရက်နေ့အထိပေးဆောင်ရမည့်ရေခွန်အား လတ်တလောပေးဆောင်ခြင်းမပြုပါက ဒဏ်ကြေးတပ်ရိုက်မည်မဟုတ်ပဲ (၂)လ ပေါင်းပေးဆောင်နိုင်ကြောင်းအသိပေးကြေငြာစာထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။