Skip to main content

မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တင်ဒါ (၉)ခု ခေါ်ယူခြင်း

မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တင်ဒါ (၉)ခု ခေါ်ယူခြင်း

၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ လမ်းအထူးအဖွဲ့ (၁၁) နှင့် ခရိုင်(၅)ခရိုင်တို့မှ ဆောင်ရွက်မည့် အောက်ပါလုပ်ငန်းများအတွက် တင်ဒါ (၉) ခု ခေါ်ယူလျက်ရှိပါသည်−
(၁)    မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ လမ်းလုပ်ငန်း၊ လုပ်ငန်းတင်ဒါ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
(၂)    မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ယန္တယားများဝယ်ယူခြင်း
(၃)    မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ကတ္တရာ၊ဘိလိပ်မြေ၊သံချောင်းများ ဝယ်ယူခြင်း
(၄)    မကွေးခရိုင်လမ်းဦးစီးဌာနမှ လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ
(၅)    မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ
(၆)    သရက်ခရိုင်လမ်းဦးစီးဌာနမှ လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ
(၇)    ပခုက္ကူခရိုင်လမ်းဦးစီးဌာနမှ လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ
(၈)    ဂန့်ဂေါခရိုင်လမ်းဦးစီးဌာနမှ လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ
(၉)    ဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၁၁) မှ လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ

တင်ဒါလျှောက်လွှာများကို ၁၅.၁၀.၂၀၂၀ ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာရုံးအသီးသီးတွင် စတင်ရောင်းချမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာ အရောင်းပိတ်မည့်အချိန်မှာ ၂၈.၁၀.၂၀၂၀ ရက်နေ့ (၁၆:၃၀) နာရီအချိန်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို အောက်ပါလင့်တွင် Download ရယူနိုင်ပါသည်။