Skip to main content

မှတ်တမ်းတင်ဂုဏ်ပြုခြင်း

မှတ်တမ်းတင်ဂုဏ်ပြုခြင်း

နိုင်ငံနှင့်အဝန်း Coronavirus Disease 2019(COVID-19)ကမ္ဘာ့ကပ်ရောဂါအား ကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်ကာလအတွင်း အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား မကွေးတိုင်းဒေသကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆိုင်ရာလုပ်ငန်းတာဝန်အသီးသီးကို ကိုယ်ရော စိတ်ပါပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများနှင့် Coronavirus Disease 2019 (COVID-19) ကပ်ရောဂါကြားမှ တက်ကြွစွာဆန္ဒမဲပေးခဲ့ကြသော ပြည်သူပြည်သား များအားလုံးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးဥပကာယ တင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။