Skip to main content

အောင်လံမြို့ကွက်သစ်ချထားရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ/ဘဏ္ဍာ/စည်ပင်ဝန်ကြီး တက်ရောက်

ဆောင်ရွက်စဉ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းသည် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က သရက်ခရိုင်၊ အောင်လံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော မြို့ကွက်သစ်ချထားရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများအား ဆွေးနွေးလမ်းညွှန် မှာကြားခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးမြလင်းနှင့် ဖိတ်ကြားထားသည့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။