Skip to main content

ဆိပ်ဖြူမြို့နယ်စည်ပင်မှ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကွင်းဆင်းစစ်ဆေးစဉ်

ပါဆယ်စနစ်ဖြင့်ရောင်းချခွင့်ပြုထားသော စားသောက်ဆိုင်၊လ္ဘက်ရည်ဆိုင်၊ထမင်းဆိုင်များအားလုံးကို နိုဝင်ဘာလကုန်ပိုင်းတွင် ဆိုင်ထိုင်စားသောက်ခွင့် ပြန်လည်ခွင့်ပြုပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်အခြေ အနေမှန်ကွင်းဆင်းစစ်ဆေးခြင်းကို ဆိပ်ဖြူမြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်နှင့် ရပ်ကွက်အုပ်မှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှစခန်းမှူးနှင့် တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၂၂-၁၁-၂၀၂၀)ရက်နေ့ နံနက်(၀၈၀၀) နာရီအချိန်မှစ၍ လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြည့်စုံစွာဆောင်ရွက် ထားရှိရန်လိုအပ်သော ဆိုင်ငယ်တစ်ချို့ကို ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ထားရှိရန်နှင့်လကုန်ရက်ပိုင်းတွင်ထပ်မံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးပြောကြားခဲ့ကြောင်း သိရသည်။