Skip to main content

ဆိပ်ဖြူမြို့နယ်စည်ပင်မှ ပတ္တမြားစျေးမီးဘေးလုံခြုံရေးအတွက်မီးသတ်ဇာတ်တိုက်လေ့ကျင့်

ဆောင်ရွက်စဉ်

ဆိပ်ဖြူမြို့၊ ပတ္တမြားစျေးမီးဘေးလုံခြုံရေးအတွက် မီးသတ်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို (၁၂-၁-၂၀၂၁)ရက်နေ့နံနက်(၁၀)နာရီအချိန်တွင်ဆိပ်ဖြူမြို့၊ ပတ္တမြားစျေး၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊စျေးကော်မတီများ၊စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊စျေးသူစျေးသားများတက်ရောက်ခဲ့ကြောင်း၊ အဆိုပါမီးဘေးလုံခြုံရေးဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားတွင် အလွယ်တကူမီးငြိမ်းသတ်နိုင်သော ပစ္စည်းများနှင့်မီးသတ်ဆေးဘူးတို့ကိုအသုံးပြုပြီးမီးငြိမ်းသတ်ခြင်းဆောင်ရွက်မှုကိုသက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများကရှင်းလင်းပြောကြားပြီး စည်ပင်သာယာရေးကော်မတီများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊စျေးသူစျေးသားများကိုယ်တိုင် လက်တွေ့မီးငြိမ်းသတ်ခြင်းကိုဆောင်ရွက်ခဲ့ကြပြီး ၄င်းနောက်မီးသတ်ယာဉ်(၂)စီး၊ စည်ပင်သာယာရေးအဖွဲ့ပိုင်ရေသယ်ယာဥ်တစ်စီးတို့ဖြင့်မီးငြိမ်းသတ်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။