Skip to main content

ချောက်မြို့နယ်စည်ပင်မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တင်ဒါစနစ်ဖြင့် မှာယူထားသော ဘိလပ်မြေနှင့် ကတ္တရာများရောက်ရှိ

စစ်ဆေးစဉ်

ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၂၀၂၀-၂၀၂၁ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ မြို့ပြဖွံ့ဖြိုးတည်ဆောက်ရေး လုပ်ငန်းများတွင်အသုံးပြုမည့် ကတ္တရာ(၈၆)လုံး နှင့် ဘိလပ်မြေ(၁၀၈) တန် ၊ ပထမအကြိမ်စတင် ရောက်ရှိရာ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီကကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါ ရောက်ရှိ လုပ်ငန်းသုံးပစ္စည်းများကိုအဖွဲ့ပိုင်ပျိုးဥယျာဉ်နှင့်လုပ်ငန်းဆောင်ရွက်မည့်နေရာ အသီးသီးတွင် စနစ်တစ်ကျ လက်ခံသိမ်းဆည်းခဲ့ပါသည်။ လုပ်ငန်းသုံးပစ္စည်းများကို ပစ္စည်းတင်ဒါစနစ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး၊ တင်ဒါအောင်ကုမ္ပဏီအား တင်ဒါအောင်ဘိလပ်မြေနှင့် ကတ္တရာများကို ပို့ဆောင်ပေးခြင်းဖြစ်ပြီး ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ ရေးနှစ် အခွန်နှင့် သာမန်ရငွေ(၁၀၇၆)သန်း လျာထားပြီး၊ မြို့ပြဒေသဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေး လုပ်ငန်းများ အပြင် လမ်းလုပ်ငန်း(၄၁)လမ်း၊ (၄၄၀.၁၆၈) သန်း၊ တံတားလုပ်ငန်း(၈)စင်း၊ (၂၄.၄၆၅) သန်း ၊ ရေမြောင်းလုပ်ငန်း (၁၈) ခု၊ (၄၃၄.၃၄) သန်း ကို ရေပေးရေးလုပ်ငန်း(၈) ခု၊ (၁၂၀.၇၅) သန်း၊ အခြား လုပ်ငန်း (၆)ခု၊ (၁၇.၅) သန်း ၊ ယာဉ်စက်ယန္တရား ဝယ်ယူပြင်ဆင်ခြင်းလုပ်ငန်း (၆)ခု ၊(၈၇.၆၉၈) သန်း၊ စုစုပေါင်းလုပ်ငန်း(၈၇)ခု၊ (၁၁၂၄.၉၂)သန်းကိုသတ်မှတ်လျာထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ စစ်ဆေးစဉ်