Skip to main content

ချောက်မြို့နယ်စည်ပင်မှ Covid – 19 ညွှန်ကြားချက်နှင့်အညီ ဈေးရောင်းဈေးဝယ်စေရေး ကြပ်မတ်

ကွင်းဆင်းစစ်ဆေးစဉ်

ချောက်မြို့နယ်အတွင်း Covid – 19 ကူးစက်အတည်ပြုလူနာ တိုးမြှင့်လျှက်ရှိရာ လူစုလူဝေးဖြစ်ပေါ်သည့် ဈေးများ၊စားသောက်ဆိုင်၊လက်ဘက်ရည်ဆိုင်များတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏Covid– 19  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ဈေးရောင်းဈေးဝယ်မှု အခြေအနေကို ချောက်မြို့၊ချောက်ဘက်ဈေးတွင် ရှောင်တခင်စစ်ဆေးခဲ့ပါသည် ။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် ကော်မတီ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါဆောင်ရွက်ခဲ့ပြီး၊ ဈေးရောင်းဈေးဝယ်များ ပါးစပ်နှင့် နှားခေါင်းစည်း Mask ၊ မျက်နှာကာ Face Sheid တို့ကို စနစ်တစ်ကျ တပ်ဆင်မှု ရှိ/မရှိ ၊(၆)ပေအကွာဖြင့် ဈေးရောင်းဝယ်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ပါးစပ်နှင့် နှားခေါင်းစည်း Mask ၊ မျက်နှာကာ Face Sheid တို့ကို စနစ်တစ်ကျ တပ်ဆင်ခြင်း မရှိသူ(၃) ဦးကို စီမံခန့်ခွဲရေးဒဏ်ငွေ တိုက်ရိုက်အရေးယူခဲ့ပါသည်။ ယခု စစ်ဆေးသည့် ချောက်ဘက်ဈေးမှာ လွန်ခဲ့သည့် (၃၀-၁၂-၂၀၂၀) ရက်နေ့က Covid–19 အတည်ပြုလူနာ (၄)ဦး တွေ့ရှိခဲ့၍ မြို့နယ်Covid–19 ရောဂါထိန်းချုပ်ရေး အရေးပေါ်တုံပြန်ရေးကော်မတီ ညှိနှိုင်း ဆုံးဖြတ်ချက်အရ ချောက်ဘက်ဈေးကို (၁၁) ရက်ပိတ်စေခဲ့ရာ ပိုးသတ်ဆေးဖြန်းခြင်း ၊ ထုံးဖြူးခြင်းတို့် ဆောင်ရွက်ခဲ့ပြီး ၊ ၁၀-၁-၂၀၂၁ ရက်နေ့ တွင် Covid – 19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။