Skip to main content

ချောက်မြို့နယ်စည်ပင်မှ  မြို့မဈေး Covid-19 စည်းကမ်းချက်နှင့်အညီ ဈေးရောင်းဈေးဝယ်မှု အခြေအနေ စစ်ဆေးကြပ်မတ်

ကွင်းဆင်းစစ်ဆေးစဉ်

ယခုအခါ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမြှင့်တက်လျှက်ရှိရာ လူအများစုဝေးသည့် ဈေးများ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ မှတစ်ဆင့် ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်နိုင်ချေရှိကြောင်း သုံးသပ် တွေ့ရှိရ၍ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး ချောက်မြို့ပေါ်တွင်ဖွင့်လှစ်ထားရှိသော ကုန်စုံဆိုင်၊ စတိုးဆိုင်နှင့်မြို့မဈေး၊ စလေဈေး၊ဂွေးပင်ဈေး၊ ချောက်ဘက်ဈေး တို့တွင် ဈေးအတွင်း အပြင် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအနေဖြင့် ပါးစပ်နှင့် နှားခေါင်းစည်း Mask ၊ မျက်နှာကာ Face Sheid တို့ကိုစနစ်တစ်ကျတပ်ဆင်ပြီး မှ သာဈေးအတွင်းဝင်ရောက်၍ဈေးရောင်းဈေးဝယ်ပြုလုပ်မှုအခြေအနေ လက်ဆေး ရန်နေရာ ၊ ဆပ်ပြာရေ စီစဉ်ထားရှိမှု ဈေးရောင်းသူများတစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ ရောင်းဝယ်နိုင်ရေး ဆောင်ရွက်မှုအခြေအနေတို့ကို ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ နှင့်မြို့နယ် စစ်ဆေးရေး အဖွဲ့တို့မှ နေ့စဉ်စစ်ဆေးခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက် လျှက်ရှိပါသည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့်စစ်ဆေးရေးအဖွဲ့တို့ အနေဖြင့်ချောက်မြို့၊မြို့မဈေးအတွင်း ပါးစပ်နှင့် နှားခေါင်းစည်းMask ၊မျက်နှာကာ Face Sheid မျက်နှာကာတပ်ဆင်ခြင်း မရှိသည့် သူများကို စီမံ ဒဏ်ငွေ(၂၀ဝိ/-)အားတပ်ရိုက်ခြင်း၊နှားခေါင်းစည်အခမဲ့ဝေငှခြင်း၊ဈေးအတွင်းဝင်ရောက်သူများ အားလုံး ကို ကိုယ်အပူချိန် တိုင်းတာခြင်း တို့ကိုနေ့စဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။