Skip to main content

ချောက်မြို့နယ်စည်ပင်မှ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဆောင်ရွက်စဉ်

ချောက်မြို့၊မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေးအတွက်မီးဘေး၊ဇာတ်တိုက်လေ့ကျင့်မှုကို မြို့မဈေးတွင် (၁၂-၁-၂၀၂၁)ရက်နေ့ ကပြုလုပ်ခဲ့ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ အမှုဆောင်အရာရှိ နှင့် စည်ပင်ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်ဦးစီးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ နှင့်ဝန်ထမ်းများ၊ မနောဖြူနှင့်ဥတ္တရလူမှုကူညီရေးအသင်းများ၊ စုစုပေါင်းအင်အား (၁၁၅)ဦး ခန့်၊ မြို့နယ်မီးသတ်မီးငြိမ်းသတ်ယာဉ် (၄) စီး၊ရေသယ်ယာဉ် (၁)စီး၊ ရေနံမီးသတ်မှရေသယ်ယာဉ် (၁)စီး၊ မနောဖြူလူမှုကူညီမှုအသင်းမှရေသယ်ယာဉ်(၁)စီး နှင့် လူနာတင် ယာဉ်(၁)စီး၊ ပြင်ပမှရေသယ်ယာဉ်(၁ စီး၊ ဥတ္တရလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် (၁) စီး ၊ အဖွဲ့ပိုင်ဒိုင်းရှင်းစက် (၄) လုံး၊ စုစုပေါင်း ယာဉ် (၁၀) စီး တို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ချောက်မြို့ ၊ မြို့မဈေးတွင် ဈေးရုံ (၃၂)၊ ဈေးဆိုင်ခန်းပေါင်း (၁၂၀၂) ခန်း ရှိပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်လျှပ်စစ်၊ မြို့နယ်မီးသတ်ဦးစီးဌာန တို့ဖြင့် စစ်ဆေးလျှက်ရှိပါသည်။ မီးဘေးကြိုတင်ကာကွယ်ရေး ရေလှောင်ကန် (၃)ကန် (ရေဂါလံ၈၀၀၀) အပေါစား မီးသတ်စက် (၆) စက်၊ မီးချိတ်မီးကဒ်၊ရေပုံး၊သဲပုံး ရှိ Fire Point (၃)နေရာ ၊ မီးသတ်ဆေးဗူး (၁၂၀)ဗူး ထားရှိဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။