Skip to main content

ချောက်မြို့နယ်စည်ပင်မှ ပြည်သူ့ဆေးရုံရှေ့ ရေမြောင်းနှင့် Box Culvert တည်ဆောက်

ကွင်းဆင်းစစ်ဆေးစဉ်

ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေးတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာချောက်မြို့၊ အမှတ် (၁၀) ရပ်ကွက်၊ အေးစေတီလမ်းရှိ ချောက်မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ချောက်မြို့ပြည်သူ့ဆေးရုံရှေ့ ရေမြောင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း မြေတူးဖော်ခြင်းနှင့် ပစ္စည်းစုပုံခြင်းလုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်စည်ပင် သာယာရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ယခုဆောင်ရွက်မည့် ချောက်မြို့ ပြည်သူ့ဆေးရုံရှေ့ အုတ်ရေမြောင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းမှာ ရေမြောင်း (၆၀၀’×၂’×၄’) ရှိ၍ Box Culvert (၂)စင်းမှာ ၂( ၁၈’×၃’×၄’) ရှိပြီး ၊ မိုးရာသီကာလတွင် ပြည်သူ့ဆေးရုံ ၏ မျက်နှာချင်းဆိုင် အမြင့် နေရာရှိအေးစေတီဘုရားဝန်းအတွင်းမှ ရေများဆေးရုံဝန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လေ့ရှိရာ ဆေးရုံသို့ လာရောက်သူများသွားလာရေးခက်ခဲမှု ဖြစ်ပေါ်ခြင်းကြောင့် ရေမဝင်ရောက်စေရေးနှင့် စနစ်တစ်ကျရေစီးဆင်းစေရေးတို့အတွက်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၃၀.၄၁၅)သန်းဖြင့်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ခု ၊ ဘဏ္ဍာရေးနှစ် အခွန်နှင့် သာမန်ရငွေ(၁၀၇၆)သန်းလျာထားပြီး၊ မြို့ပြဒေသဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေး လုပ်ငန်းများ အပြင် လမ်းလုပ်ငန်း(၄၁)လမ်း၊ (၄၄၀.၁၆၈) သန်း၊ တံတားလုပ်ငန်း(၈)စင်း၊ (၂၄.၄၆၅) သန်း ၊ ရေမြောင်းလုပ်ငန်း (၁၈) ခု၊ (၄၃၄.၃၄) သန်း ကို ရေပေးရေးလုပ်ငန်း(၈) ခု၊ (၁၂၀.၇၅) သန်း၊ အခြားလုပ်ငန်း(၆)ခု၊ (၁၇.၅) သန်း ၊ ယာဉ်စက်ယန္တရား ဝယ်ယူပြင်ဆင်ခြင်းလုပ်ငန်း (၆)ခု ၊(၈၇.၆၉၈) သန်း၊ စုစုပေါင်းလုပ်ငန်း (၈၇) ခု၊ (၁၁၂၄.၉၂)သန်း ကိုသတ်မှတ်လျာထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ စစ်ဆေးစဉ်