Skip to main content

ပေါက်မြို့နယ်စည်ပင်မှ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကွင်းဆင်းစစ်ဆေးစဉ်

ပေါက်မြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်၍စား သောက်ခြင်းကို ခွင့်မပြုဘဲ (Take away / Parcel ) စနစ်ဖြင့်သာရောင်းချရန် ညွှန်ကြားထားပြီး ယခုအခါ (Stay Home) သတ်မှတ်ထားခြင်းမရှိသည့်မြို့နယ်များတွင် ကိုဗစ်(၁၉) ကြိုတင်ကာကွယ်တားဆီး‌ရေးဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Aအဆင့်(စံ) သတ်မှတ်စည်းကမ်းချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်သွားနိုင်‌ရေး အတွက်မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာ‌အေးပပစိုးရီ၊ စည်ပင်‌ေကာ်မတီဥက္ကဌ ဦးငြိမ်းချမ်းနှင့်စည်ပင်အမှုဆောင်အရာရှိနှင့်၀န်ထမ်းများ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်‌ရေးမှူးများဖြင့် နို၀င်ဘာ(၂၁)ရက်နေ့ ညနေပိုင်းက စားသောက်ဆိုင်ကြီးအချို့အား စံနမူနာထား၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး နို၀င်ဘာလကုန်တွင် (စံ)သတ်မှတ်ချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ပြီးစီးမှုအား ထပ်မံစစ်ဆေး၍ ကျေနပ်မှုရှိမှသာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။