Skip to main content

ရေစကြိုမြို့နယ်စည်ပင်မှ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကွင်းဆင်းစစ်ဆေးစဉ်

ရေစကြိုမြို့အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ကုန်အပြီးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏(Covid-19) စည်းကမ်းသတ်မှတ်ချက်များနှင့် အညီဖြစ်စေရေးအတွက်(၂၂.၁၁.၂၀၂၀)ရက်နေ့(၁၀:၀၀)နာရီ အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ် အုပ်ချုပ်ရေးမှုးနှင့်ဝန်ထမ်းများ၊မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊အမူဆောင်အရာရှိနှင့်စည် ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ရပ်မိရပ်ဖများမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။