Skip to main content

Stay at Home သတ်မှတ်ထားသော အောင်လံမြို့ပေါ် ရပ်ကွက် ၉ ခုရှိ အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်

ပေးအပ်စဉ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့သို့ ရောက်ရှိနေသော တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာ ရေးဝန်ကြီး ဦးဇော်မင်းသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ၊ ဖိတ်ကြားထားသည့် ဌာန/အဖွဲ့အစည်းများနှင့်အတူ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က COVID-19 ကာလအတွင်း အခြေအနေအရ ဒုတိယအကြိမ်အဖြစ် Stay at Home သတ်မှတ်ထားခဲ့ရသော အောင်လံမြို့ပေါ် ရပ်ကွက် ၉ ခုရှိ အိမ်ထောင်စုပေါင်း ၁၂၃၁၈ စုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ဆန် ၄ ပြည်နှင့် ဆီ ၅ဝ ကျပ်သား ၁ ဘူးစီတို့အား ရပ်ကွက်များအတွင်း သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။