Skip to main content

[SCode: 2.2] သီးသန့်ရေတိုင် သွယ်ယူခွင့် လျှောက်ထားခြင်း

သီးသန့်ရေတိုင် သွယ်ယူလိုပါက

  • စာရွက်ပုံစံကို Download ရယူပြီး လိုအပ်သော အချက်အလက်များကို ဖြည့်စွက်၍ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ပေးပို့ခြင်းဖြင့်သော်လည်းကောင်း
  • အောက်ပါ Online Application သို့ သွားရောက်ပြီး လိုအပ်သောအချက်အလက်များကို ဖြည့်သွင်း၍သော်လည်းကောင်း 
  • လျှောက်ထားနိုင်ပါသည်။

ထိုသို့လျှောက်ထားရာတွင် လျှောက်ထားသူ၏ အမည်၊ အဘအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်/နိုင်ငံသားစိစစ်ရေးအမှတ်၊ အလုပ်အကိုင်၊ မိသားစုဦးရေနှင့် နေရပ်လိပ်စာတို့ကို ပြည့်စုံစွာ ဖြည့်သွင်းရပါမည်။

သီးသန့်ရေတိုင် သွယ်ယူခွင့် ရရှိပါက ဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားရပါမည်။
 

Download Files