Skip to main content

သရက်ခရိုင်

သရက်​မြို့နယ်​စည်​ပင်​မှ  ဗိုလ်​ချုပ်​လမ်း​ဘေး ဝဲ/ယာ အုတ်​​ရေ​မြောင်းပြုလုပ်​ခြင်းဆောင်ရွက်မှုအား လမ်းနေပြည်သူများအား ပွင့်လင်းမြင်သာစွာချပြရှင်းလင်း

သရက်​မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့မှ (၂၄.၁၁.၂၀၂၀)ရက်​​နေ့တွင်​၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာ​ရေးနှစ်​ ​​ဆောင်​ရွက်​မည့် ဗိုလ်​ချုပ်​လမ်း​ဘေး ဝဲ/ယာ အုတ်​​ရေ​မြောင်းပြုလုပ်​ခြင်း၊ (နတ်​စင်​လမ်းမှ သဟာရလမ်းထိ)၂× ၁၄၇' × ၃' × ၃'  ​ဆောင်​ရွက်​​နေမှုအား မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့ အမှု​ဆောင်​အရာရှိနှင့် တာဝန်​ခံအင်​ဂျင်​နီယာ အဖွဲ့များ၊  မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့ ​ကော်​မတီဥက္ကဌ နှင်​့ အဖွဲ့ဝင်​များ၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးတို့မှ လမ်းဘေးဝဲ/ယာ ပြည်​သူများအား ပွင်​့လင်းမြင်​သာစွာ ချပြရှင်းလင်း ​​ခဲ့‌ကြောင်း သိရသည်‌။

သရက်​မြို့နယ်​စည်​ပင်​မှ ရွှေဘုံသာလမ်း ကတ္တရာခင်းခြင်းဆောင်ရွက်မှုအား လမ်းနေပြည်သူများအား ပွင့်လင်းမြင်သာစွာချပြရှင်းလင်း

သရက်​မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့မှ (၂၄.၁၁.၂၀၂၀)ရက်​​နေ့တွင်​၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာ​ရေးနှစ်​ ​​ဆောင်​ရွက်​မည့် ရွှေဘုံသာလမ်း ကတ္တရာခင်းခြင်း(ဆု​တောင်းပြည့်ဘုရားအနီး)၄၀၀' × ၁၂'× ၃"လုပ်​ငန်း ဆောင်​ရွက်​​မှုအား မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့ အမှု​ဆောင်​အရာရှိနှင့် တာဝန်​ခံအင်​ဂျင်​နီယာအဖွဲ့များ၊ မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့ ​ကော်​မတီဥက္ကဌနှင့် အဖွဲ့ဝင်​များ၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးတို့မှ လမ်း​ဘေးဝဲ/ယာ ပြည်​သူများအား ပွင့်လင်းမြင်​သာစွာ ချပြရှင်းလင်း ခဲ့‌ကြောင်း သိရသည်‌။

မင်းတုန်းမြို့နယ်စည်ပင်မှ  စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ း ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေ

မကွေးတိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့များတွင် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ COVID-19 တားဆီးကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မင်းတုန်းမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း Take-away ပါဆယ်စနစ်ဖြင့် ရောင်းချနေသော စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ COVID-19 တားဆီးကာကွယ်ရေး ညွှန်ကြားချက်များကို လိုက်နာပြီး Aအဆင့် သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး နိုဝင်ဘာလက

သရက်​မြို့နယ်​စည်​ပင်​မှ အ​နောက်​​ရေစက်​ ​ရေစုကန်​ နုံး၊ သဲ ဆယ်​ယူခြင်းနှင့်သန့်ရှင်း​ရေးဆောင်ရွက်

သရက်​မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့မှ (၂၃.၁၁.၂၀၂၀)ရက်​​နေ့တွင်​ အမှု​ဆောင်​အရာရှိနှင့် တာဝန်​ခံအင်​ဂျင်​နီယာတို့ ဦး​ဆောင်​၍ အဖွဲ့ရုံးဝန်​ထမ်းများဖြင့် အ​နောက်​​ရေစက်​ ​ရေစုကန်​ နုံး၊ သဲ ဆယ်​ယူခြင်းနှင့်သန့်ရှင်း​ရေးလုပ်​ငန်းများ ​ဆောင်​ရွက်​ခဲ့‌ကြောင်း သိရသည်‌။

မင်းလှမြို့နယ်စည်ပင်မှ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များစံသတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ထားရှိနိုင်ရေးကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီးမင်းလှမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိစားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား (၂၂-၁၁-၂၀၂၀) ရက်နေ့တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒေါ်နွယ်နွယ်အေးနှင့်အဖွဲ့ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏စံသတ်မှတ်ချက်များနှင့်အညီ ဆောင် ရွက်ထားရှိနိုင်ရေးအတွက် ကွင်းဆင်းစစ် ဆေး၍ နိုဝင်ဘာလကုန်၌ ပြန်လည်စစ်ဆေးပြီး စံသတ်မှတ်ချက်များနှင့်ကိုက်ညီသောဆိုင်များအား ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်စည်ပင်မှ ဈေးရောင်း/ဝယ်များအနေဖြင့် mask တပ်ဆင်မှု၊ စည်းကမ်းလိုက်နာမှု ရှိ/မရှိ ပူးပေါင်းကွင်းဆင်းစစ်ဆေး

မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့် အဖွဲ့ဝန်ထမ်းများသည် (၂၁.၁၁.၂၀၂၀)ရက်နေ့နံနက် (၀၈ဝဝ) နာရီအချိန်တွင်အဖွဲ့ပိုင်ဇေယျာသီရိစျေးနှင့်ယာယီပျံကျစျေးတို့တွင်စျေးရောင်းချသူ/စျေးဝယ်သူများအားပါးစပ်နှင့်နှာခေါင်းစည်း(mask)များ။မျက်နှာအကာ(face shield)များမြို့ နယ်ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာ၊ မြို့နယ်မီးသတ်တပ်ဖွဲ၊မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 

သရက်​မြို့နယ်​စည်​ပင်မှ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

သရက်​မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့မှ မြို့​ပေါ်ရှိ စား​သောက်​ဆိုင်​နှင့် လက်​ဖက်​ရည်​ ဆိုင်​များတွင်​ ဆိုင်​ထိုင်​၍စား​သောက်​ခြင်းကို ခွင့်မပြုဘဲ (Take away / Parcel ) စနစ်​ဖြင့်သာ ​ရောင်းချရန်​ ညွှန်​ကြားထားပြီး ယခုအခါ (Stay Home ) သတ်​မှတ်​ခြင်းမရှိသည့်  မြို့နယ်​များတွင်​ COVID-19 ကြိုတင်​ကာကွယ်​တားဆီး​ရေးဆိုင်​ရာ ကျန်း​မာ​ရေးနှင့် အားကစားဝန်​ကြီးဌာနက ထုတ်​ပြန်​ထား​သော သတ်​မှတ်​စည်းကမ်းချက်​များနှင့်အညီ ပြင်​ဆင်​​ဆောင်​ရွက်​သွားနိုင်​​ရေးအတွက်​ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန၊ မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့ နှင့် မြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ၊ ပြည်​သူ့ကျန်းမာ​ရေး

အောင်လံမြို့နယ်စည်ပင်၏ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ/ဘဏ္ဍာ/စည်ပင်ဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းသည် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာလ(ယခုလ)အတွင်း ဆောင်ရွက်ခဲ့သည့် သရက်တောရပ်ကွက် (၁)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား နိုဝင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သန်းမြင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၊ အင်ဂျင်နီယာမှူး ဦးထွန်းသူအောင်နှင့် အဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာလမ်းကော်မတီများ လိုက်ပါ၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေ

အောင်လံမြို့ကွက်သစ်ချထားရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ/ဘဏ္ဍာ/စည်ပင်ဝန်ကြီး တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းသည် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က သရက်ခရိုင်၊ အောင်လံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော မြို့ကွက်သစ်ချထားရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများအား ဆွေးနွေးလမ်းညွှန် မှာကြားခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးမြလင်းနှင့် ဖိတ်ကြားထားသည့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရေ

Stay at Home သတ်မှတ်ထားသော အောင်လံမြို့ပေါ် ရပ်ကွက် ၉ ခုရှိ အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့သို့ ရောက်ရှိနေသော တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာ ရေးဝန်ကြီး ဦးဇော်မင်းသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ၊ ဖိတ်ကြားထားသည့် ဌာန/အဖွဲ့အစည်းများနှင့်အတူ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က COVID-19 ကာလအတွင်း အခြေအနေအရ ဒုတိယအကြိမ်အဖြစ် Stay at Home သတ်မှတ်ထားခဲ့ရသော အောင်လံမြို့ပေါ် ရပ်ကွက် ၉ ခုရှိ အိမ်ထောင်စုပေါင်း ၁၂၃၁၈ စုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ဆန် ၄ ပြည်နှင့် ဆီ ၅ဝ ကျပ်သား ၁ ဘူးစီတို့အား ရပ်ကွက်မျ

Subscribe to သရက်ခရိုင်