Skip to main content

ရေနံချောင်း

ရေနံချောင်းမြို့နယ်စည်ပင်မှ အဖွဲ့ပိုင် မြို့မစျေး/ရတနာစျေးတွင် mask များစနစ်တကျတပ်ဆင်ပြီး စျေးရောင်းချမှုရှိ/မရှိ စစ်ဆေး

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး/  ရတနာစျေးတွင် စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား စျေးရောင်း၊ စျေးဝယ်ပြုလုပ်ရာတွင် Mask စနစ် တကျ တပ်ဆင်ပြီး ရောင်းချခြင်းရှိ/မရှိအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊မြို့မစျေး/ရတနာစျေးကော်မတီဝင်များဖြင့် (၂၃.၁၁.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံ​ချောင်းမြို့နယ်စည်ပင်မှ စား​သောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်​ဆေး

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးနယ်နိမိတ်အတွင်းရှိ စား​သောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ထား​သောCOVID-19ကာကွယ်တားဆီး​ရေးဆိုင်ရာစံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှု ရှိ/မရှိ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့  ဝန်ထမ်းများမှ (၂၂.၁၁.၂၀၂၀)ရက်​နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ရေနံ​ချောင်းမြို့နယ်စည်ပင်မှ ရန်ကုန်-မန္တ​လေး လမ်းမကြီး လမ်း​ဘေးဝဲယာတ​လျှောက် သန့်ရှင်း​ရေးဆောင်ရွက်

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ရန်ကုန်-မန္တ​လေး လမ်းမကြီး လမ်း​ဘေးဝဲယာတ​လျှောက် သန့်ရှင်း​ရေးပြုလုပ်​နေမှုအား(၂၁.၁၁.၂၀၂၀)ရက်​နေ့ နံနက်(၇:၀၀)နာရီအချိန်တွင် ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံ​ချောင်းမြို့နယ်စည်ပင်မှ အဖွဲ့ပိုင် ​စျေးများအတွင်းကွင်းဆင်းစစ်​ဆေး

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ပိုင် မြို့မ​စျေး နှင့် ရတနာ​စျေးအတွင်းရှိ စား​သောက်ကုန်ပစ္စည်းများအား ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြုံပြုချက်၊သတ်မှတ်ချက်များ နှင့်အညီ လိုက်နာ​ဆောင်ရွက်ခြင်း ရှိ/မရှိ အား (၁၂.၁၁.၂၀၂၀)ရက်​နေ့တွင် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ဝန်ထမ်္များနှင့် ကျွမ်းကျင်မှု ဆိုင်ရာပူး​ပေါင်း​ရေးအဖွဲ့များမှ ​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်စည်ပင်မှ ၂၀၂၀-၂၁ခုဘဏ္ဍာရေးနှစ် ငွေလုံငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျပ်သိန်း (၁၀၀)အောက် လမ်းလုပ်ငန်းအား ပွင့်လင်းမြင်သာချပြ

၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျပ်သိန်း(၁၀၀)အောက်လုပ်ငန်းဖြစ်သော အ.မ.က(၁၂၀)ကျန်သောလမ်းအပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ပွင့်လင်းမြင်သာအစည်းအဝေးကို (၂၉.၁၀.၂၀၂၀)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နေပြည်သူများနှင့်အတူ  ရှင်းလင်းချပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရေနံချောင်းမြို့နယ်စည်ပင်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်ငွေလုံးငွေရင်းလုပ်ငန်းများအား ပွင့်လင်းမြင်သာချပြ

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံ ငွေဖြင့်ဆောင်ရွက်မည့် ကျပ်သိန်း(၁၀၀) အောက် လုပ်ငန်း ဖြစ်သော ဓမ္မာရုံလမ်း နှင့် ဘုရားလေးလမ်း ကြားကွန်ကရစ်ခင်း ခြင်းလုပ်ငန်းဆောင်ရွက်ရန် ပွင့်လင်းမြင်သာအစည်း အဝေးကို တာဝန်ခံအင်ဂျင်နီယာ၊ စည်ပင် သာယာရေးကော်မတီဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်နေပြည်သူများနှင့်အတူ (၂၈.၁၀.၂၀၂၀)ရက်နေ့ ညနေ(၄:ဝဝ)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်စည်ပင်သို့ Myanmar Kaido Co.ltdမှ စားသောက်ကုန်ပစ္စည်းများ လှူဒါန်း

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအတွက် မကွေးမြို့နယ် Myanmar Kaido Co.ltdမှ စားသောက်ကုန်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ရာ အမှုဆောင်အရာရှိ နှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ လက်ခံရရှိခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်စည်ပင်မှ ၂၀၂၀-၂၁ ဘဏ္ဍာ​ရေးနှစ်အတွင်း ကျပ်သိန်း(၁၀၀)​အောက်​ဆောင်ရွက်မည့် ​ငွေလုံး​ငွေရင်းလုပ်ငန်းများ ပွင့်လင်းမြင်သာချပြ

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သိန်း(၁၀၀)အောက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သစ္စာပန်းပဲတန်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း နှင့် မ​ြို့မ မြောက်-ဆုံတိုက် အဖြူဆေးလိပ်ခုံအနီး တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ပွင့်လင်းမြင်သာဆောင်ရွက်​ ခြင်းလုပ်ငန်းအား မြို့မ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊တာဝန်ခံအင်ဂျင်နီယာ၊စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူများ နှင့်အတူ မြို့မ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်(၂၈.၁၀.၂၀၂၀)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်စည်ပင်မှ အဖွဲ့ပိုင်စျေးများ၌ စျေးရောင်း/ဝယ်သူများ  MASK တပ်ဆင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများတွင် စျေးသည်များနှင့် စျေးဝယ်များ စျေးရောင်းစျေးဝယ်ပြုလုပ်ရာတွင် MASK တပ်ဆင်ခြင်းမရှိပါက ဒဏ်ကြေးငွေ ၁၅၀/ကျပ် Mask တန်ဖိုးငွေ ၅၀/ကျပ် စုစုပေါင်း ၂၀၀/ကျပ်သတ်မှတ်ကောက်ခံ၍ Mask များဖြန့်ဝေတပ်ဆင်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်စည်ပင်မှ ဆေးရောင်းချသောဆိုင်များတွင် တားမြစ်ထားသော တိုင်းရင်းဆေးများ ရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းရှိ မြန်မာတိုင်းရင်းဆေးရောင်းချသော ဆေးဆိုင်များတွင် တားမြစ်ထားသော တိုင်းရင်းဆေးများ ရောင်းချမှု မရှိစေရေးအတွက် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စိုက်ပျိုးရေး ဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ (၂၂.၁၀.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Subscribe to ရေနံချောင်း