Skip to main content

ထီးလင်း

ထီးလင်းမြို့နယ်စည်ပင်မှ အဖွဲ့ဝန်ထမ်းများ သန့်ရှင်းရေးလုပ်ငန်းစုပေါင်းဆောင်ရွက်

(၂၅.၁.၂၀၂၁)ရက်နေ့တွင် ထီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအနေဖြင့် ယာယီပျံကျစျေးအတွင်းနှင့် စျေးပတ်ဝန်းကျင်ရှိအမှိုက်သရိုက်များအား သန့်ရှင်းရေးလုပ်ငန်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ်စည်ပင်မှ စားသုံးရန်မသင့်သော အစားသောက် အမှတ်တံဆိပ်များ ကြီးကြပ်စစ်ဆေးဆောင်ရွက်

၂၀.၁.၂၀၂၁ ရက်နေ့ ထီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် (လွင်လွင် ) အမှတ်တံဆိပ်ပါ ယိုစုံအား အဖွဲ့ပိုင်မြို့မစျေးတွင် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိဝန်ထမ်းများ၊ စျေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိဝန်ထမ်းမျာဖြင့် ပူးပေါင်းကွင်းဆင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ်စည်ပင်မှ အဖွဲ့ပိုင်မြို့မစျေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

၁၉.၁.၂၀၂၁ ရက်နေ့ ထီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အဖွဲ့ပိုင်မြို့မစျေး မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အချိန်မရွေးအသုံးပြုနိုင်ရန် ဒိုင်းရှင်းမီးစက်အား ကြံ့ခိုင်မှုရှိစေရေး စမ်းသပ်ဆောင်ရွက်ခြင်း၊ အဖွဲ့ပိုင်ယာဉ်ဖြင့်လည်းကောင်း၊ လုပ်သားငှား၍လည်း ကောင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ်စည်ပင်မှ ယာယီပျံကျစျေးတွင် စျေးစည်းကမ်းထိန်းသိမ်း ဆောင်ရွက်

၁၃.၁.၂၀၂၁ ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယာယီပျံကျစျေး တွင် စျေးရောင်းစျေး ဝယ်ပြည်သူများ စျေးစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစှးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် ဝန်ထမ်းများ  ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထီးလင်းမြို့နယ်စည်ပင်မှ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များ ကြီးကြပ်စစ်ဆေးဆောင်ရွက်

(၈.၁.၂၀၂၁)ရက်နေ့ ထီးလင်းမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျှက်ရှိသော စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များ Aအဆင့်၊Bအဆင့်၊Cအဆင့် သတ်မှတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးရာတွင် မြိနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သက်ပိုင်စိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ၊ စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိနှင့်အဖွဲ့ဝန်ထမ်းများ စုပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ်စည်ပင်မှ မြို့နယ်ခန်းမ(ရွှေထီးခန်းမ) အဝင်ပေါက် သံပန်းတံခါးပြုလုပ်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်

၇.၁.၂၀၂၁ ရက်နေ့   ထီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းဖြင့် ဆောင်ရွက်သည့် မြို့နယ်ခန်းမ (ရွှေထီးခန်းမ) အဝင်ပေါက် သံပန်းတံခါးပြုလုပ်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထီးလင်းမြို့နယ်စည်ပင်မှ ယာယီပျံကျစျေးတွင် စျေးစည်းထိန်းသိမ်းဆောင်ရွက်

၆.၁.၂၀၂၁ ရက်နေ့ နံနက် (၇း၀၀)အချိန်  ထီးလင်းမြို့နယ်စည်ပင်သာယရေးအဖွဲ့မှ ယာယီပျံစျေးတွင်စျေးရောင်း​စျေးဝယ်ပြည်သူများးစည်းကမ်းလိုက်နာမှုရှိစေရေးကြပ်မတ်ဆောင်ရွက်ရာတွင်မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့်တာဝန်ရှိဝန်ထမ်းများ၊စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့်အဖွဲ့ဝန်ထမ်းများ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Subscribe to ထီးလင်း