Skip to main content

အောင်လံ

အောင်လံမြို့နယ်စည်ပင်မှ ကွန်ကရစ်လမ်းလုပ်ငန်းအား မြို့နယ်စည်ပင်ကော်မတီနှင့် အဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် တရော်ကုန်းရပ်ကွက် တိုးချဲ့(၄)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် မြေညှိမြေပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေ၊ လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေနှင့် ကွန်ကရစ်လမ်းပိုင်း စတင်ဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့က မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာမှူးတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်မာမာဝင်း (အငယ်တန်း အင်ဂျင်နီယာ-၂)မှ ဆောင်ရွက်မှုအခြေအနေ အသေးစိတ်အား

အောင်လံမြို့နယ်စည်ပင်မှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ mask&face shieldများကိုစနစ်တကျတပ်ဆင်ကြစေရေးအတွက် အသိပေးလှုံ့ဆော်ခြင်းနှင့် Mask များဝေငှ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ အများပြည်သူ COVID-19 ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ  မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးရှေ့ လမ်းမတော်လမ်းတွင် Mask & FaceShield Campaign ပြုလုပ်၍ အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်ကော်မတီဝင်များ၊ အခြေခံကျန်းမာရေးပညာရှင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ

အောင်လံမြို့နယ်စည်ပင်ကော်မတီမှ တရော်ကုန်းရပ်ကွက်အတွင်း ကွန်ကရစ်လမ်းခင်းမည့်အခြေအနေများနှင့်ပတ်သက်၍ လမ်းကော်မတီဝင်များအား ပွင့်လင်းမြင်သာ ရှင်းလင်းတင်ပြ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တရော်ကုန်းရပ်ကွက် တိုးချဲ့(၂)လမ်းနှင့် တိုးချဲ့(၄)လမ်းတို့အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ရာ ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာမှူးတို့သည် တိုးချဲ့(၂)လမ်းသို့ သွားရောက်၍ လမ်းကော်မတီ၊ လုပ်ငန်းအပေါ် စိတ်ပါဝင်စားသူများနှင့်တွေ့ဆုံပြီး ကွန်ကရစ်လမ်းခင်းမည့် အခြေအနေ၊ လမ်းမြေပြင်ဆင်ထားမှု အခြေအနေတို့ကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ တရော်ကုန်းတိုး

အောင်လံမြို့နယ်စည်ပင်မှ ရွာထောင်ရပ်ကွက်အတွင်း မြေနီကျောက်ချောလမ်းခင်းနိုင်ရေးအတွက် မြေပြင်အခြေအနေကို မြို့နယ်စည်ပင်ကော်မတီနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ရွာထောင် (အောင်မြေရွှေဝါ)ရပ်ကွက်အတွင်း မြေနီကျောက်ချောလမ်းခင်းရန် လမ်းအူကြောင်းရှာဖွေရေး၊ လမ်းနှင့်လွတ်ကင်းမှုမရှိနိုင်သည့် ခြံစည်းရိုး၊ လျှပ်စစ်မီးတိုင်နှင့် သစ်ပင်များအား ဖယ်ရှားရှင်းလင်းနိုင်ရေးတို့အတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သန်းမြင့်၊ ကော်မတီဝင်များဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဒေါ်သန်းသန်းဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၊ အင်ဂျင်နီယာမှူး ဦးထွန်းသူအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ အဆိုပါလမ်းမြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မ

အောင်လံမြို့နယ်စည်ပင်၏ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်စည်ပင်ကော်မတီနှင့် အဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် (မြို့မြောက်ဘက်ပိုင်း) မဉ္ဇူသကလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှုအခြေအနေကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးအောင်သန်းမြင့်၊ ကော်မတီဝင်များဖြစ်ကြသည့် ဦးမြင့်ဆွေ၊ ဦးသာအိနှင့် ဒေါ်သန်းသန်းဆွေ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၊ အင်ဂျင်နီယာမှူး ဦးထွန်းသူအောင်တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံအင်ဂျင်နီ ယာမှ ဆောင်ရွက်မှုအခြေအနေများအား လိုက်ပါရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လမ်းနှင့်လွတ်ကင်းမှုမရှိသေ

အောင်လံမြို့နယ်စည်ပင်မှ အဖွဲ့ပိုင် မြို့မဈေးအား မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအား မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများအား ဈေးပိတ်(ဥပုသ်)ရက်ဖြစ်သော ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က မြို့မဈေး/မြနန္ဒာဈေးကော်မတီ ဥက္ကဋ္ဌနှင့် ဈေးကော်မတီဝင်များ၊ ဈေးမီးဘေးကြိုတင်ကာကွယ် တားဆီးရေးကော်မတီ ဥက္ကဋ္ဌ၊ ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ တပ်စုမှူးနှင့် ဈေးနှင့်သားသတ်ဌာနစိတ် ဝန်ထမ်းများမှ ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ်စည်ပင်မှ အဖွဲ့ပိုင်ဈေးများအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် မြနန္ဒာဈေးများအတွင်း ဈေးရောင်းဈေးဝယ် လာရောက်သူများအား COVID-19 ရောဂါ ကူးစက်ခံရမှုမရှိစေရန်ရည်ရွယ်၍ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းအချိန်က ဒု-ဦးစီးမှူး(ဈေး) ဦးမျိုးဝင်း ဦးဆောင်သည့် ဈေးနှင့်သားသတ်ဌာနစိတ်ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များမှ ဈေးအတွင်းအပြင်နှင့် ဈေးပတ်ဝန်းကျင်များသို့ ရှောင်တခင်စစ်ဆေးခဲ့ပြီး ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်မထားသူများနှင့် စနစ်တကျတပ်ဆင်ထားခြင်း မရှိသူများအား အရေးယူခြင်း၊ ရောဂါကူးပြန့်ပွားမှု မရှိစေရေးအတွက် စီစဉ်သတ်မှတ်ပေးထားသော ဧရိယာကိုကျော်လွန်၍ ဈေးရောင်းချလျက်ရှိသည့် ဈေးသည်များအာ

အောင်လံမြို့နယ်စည်ပင်မှ အဖွဲ့ပိုင်ဈေးများအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် မြနန္ဒာဈေးများအတွင်း ဈေးရောင်းဈေးဝယ် လာရောက်သူများအား COVID-19 ရောဂါ ကူးစက်ခံရမှုမရှိစေရန်ရည်ရွယ်၍ ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းအချိန်က ဒု-ဦးစီးမှူး(ဈေး) ဦးမျိုးဝင်း ဦးဆောင်သည့် ဈေးနှင့်သားသတ်ဌာနစိတ်ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များမှ ဈေးအတွင်းအပြင်နှင့် ဈေးပတ်ဝန်းကျင်များသို့ ရှောင်တခင်စစ်ဆေးခဲ့ပြီး ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်မထားသူများနှင့် စနစ်တကျတပ်ဆင်ထားခြင်း မရှိသူများအား အရေးယူခြင်း၊ ရောဂါကူးပြန့်ပွားမှု မရှိစေရေးအတွက် စနစ်တကျ နေရာသတ်မှတ်ချထားပေးသော ဧရိယာကို ကျော်လွန်ရောင်းချလျက်ရှိသည့် ဈေးသည်မ

အောင်လံမြို့နယ်စည်ပင်မှ ဆောင်ရွက်လျက်ရှိသည့် အုတ်ရေမြောင်းလုပ်ငန်းအား မြို့နယ်စည်ပင်ကော်မတီ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဇေယျဝတီရပ်ကွက် သာသနာပြုကျောင်းလမ်း အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းအား ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းသန်းဆွေနှင့် မြို့နယ်စည်ပင် အင်ဂျင်နီယာမှူး ဦးထွန်းသူအောင်တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်တင့်ဆွေ (အငယ်တန်းအင်ဂျင်နီယာ-၂)မှ ဆောက်ရွက်မှုအခြေအနေများကို အသေးစိတ် လိုက်ပါရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စည်ပင်ကော်မတီဝင်နှင့် အင်ဂျင်နီယာမှူးတို့မှ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်

အောင်လံမြို့နယ်စည်ပင်မှ မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား COVID-19 ကြိုတင်ကာကွယ်ရေးစည်းကမ်းများနှင့်အညီရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် (A) အဆင့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆိုင်ထိုင်စနစ် ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ ခွင့်ပြုပြီးသည့် ဆိုင်များအားလုံး ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအတိုင်း ပူးပေါင်းလိုက်နာဆောင်ရွက်ကြစေရေးအတွက် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သည့် မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန

Subscribe to အောင်လံ