ငဖဲမြို့နယ်စည်ပင်မှ သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ အဖွဲ့ပိုင်ဈေးများတွင် ဈေးကွက်လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး
ငဖဲမြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် "မြို့မဈေးနှင့် ပဒါန်းကျေးလက်ဈေး"အတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များနှင့်ပတ်သက်၍ "လွင်လွင်" အမှတ်တံဆိပ်ပါ (ယိုစုံ )တွင် Sodium Cyclamate သတ်မှတ်ပမာဏထက်ကျော်လွန်ပါ၀င်နေကြောင်း စစ်ဆေးတွေ့ရှိမှုအရ အဆိုပါ "လွင်လွင်" အမှတ်တံဆိပ်ပါ (ယိုစုံ)အား အဖွဲ့ပိုင်ဈေးများ၌ ဈေးကွက်လက်ကျန်မရှိစေရေးအတွက် (၂၀-၁-၂၀၂၁) ရက်နေ့တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၀န်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။