Skip to main content

ပြည်သူ့ဝန်ဆောင်မှုများ လျင်မြန်သွက်လက်ထိရောက်စေရန် ဆောင်ရွက်လျက်ရှိ

DrAgMoeNyo01
ဒေါက်တာအောင်မိုးညို

မကွေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး စသည့်ကိစ္စရပ်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ဆောင်မှုပေးရာတွင် လျှင်မြန်သွက်လက်မြန်ဆန်၍ ထိရောက်မှုရှိစေရန် e-Government လုပ်ငန်းစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

လုပ်ငန်းစဉ်၏ မရှိမဖြစ်အစိတ်အပိုင်းဖြစ်သော Central Control Room (CCR) ကို ယနေ့ ဖွင့်လှစ်လိုက်ပါပြီ။ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးခဲ့ကြသော IT ပညာရှင်များ၊ ဝေဘန်အကြံပေးခဲ့ကြသော မကွေးမြို့၊ ကွန်ပျူတာကက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာ /ဆရာမကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။