Skip to main content

ထီးလင်းမြို့နယ်စည်ပင်မှ ယာယီပျံကျစျေးတွင် စျေးစည်းကမ်းထိန်းသိမ်း ဆောင်ရွက်

ကွင်းဆင်းစစ်ဆေးစဉ်

၁၃.၁.၂၀၂၁ ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယာယီပျံကျစျေး တွင် စျေးရောင်းစျေး ဝယ်ပြည်သူများ စျေးစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစှးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် ဝန်ထမ်းများ  ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။