Skip to main content

အောင်လံမြို့နယ်စည်ပင်မှ ဆောင်ရွက်လျက်ရှိသည့် အုတ်ရေမြောင်းလုပ်ငန်းအား မြို့နယ်စည်ပင်ကော်မတီ ကွင်းဆင်းစစ်ဆေး

ကွင်းဆင်းစစ်ဆေးစဉ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဇေယျဝတီရပ်ကွက် သာသနာပြုကျောင်းလမ်း အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းအား ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းသန်းဆွေနှင့် မြို့နယ်စည်ပင် အင်ဂျင်နီယာမှူး ဦးထွန်းသူအောင်တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်တင့်ဆွေ (အငယ်တန်းအင်ဂျင်နီယာ-၂)မှ ဆောက်ရွက်မှုအခြေအနေများကို အသေးစိတ် လိုက်ပါရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စည်ပင်ကော်မတီဝင်နှင့် အင်ဂျင်နီယာမှူးတို့မှ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။