Skip to main content

[SCode: 4.2] မူလတန်းကြိုကျောင်း တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားခြင်း

အသက်သုံးနှစ်ပြည့်ပြီး အသက်ငါးနှစ်မပြည့်သေးသော ရှေးဦးအရွယ် ကလေးသူငယ်များနှင့် အသက်ငါးနှစ်ပြည့်ပြီးသော်လည်း မူလတန်းကျောင်းသို့ အပ်နှံခြင်းမပြုသေးသော သူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်နှင့် ဘဝတစ်သက်တာ အလေ့အကျင့်ကောင်းများရရှိရေးအတွက် ပြုစုပျိုးထောင်ပေးရန် အလို့ငှာ မူလတန်းကြိုကျောင်းကို တည်ထောင်ဖွင့်လှစ်လိုသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ (သို့မဟုတ်) အသင်းအဖွဲ့များအနေဖြင့် လျှောက်ထားနိုင်သည်။ 


မကွေးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေးအတွက် လျှောက်ထားလိုသူများသည် လိုအပ်သော အချက်အလက်များကို  

  • အောက်ပါ စာရွက်ပုံစံကို Download ရယူဖြည့်စွက်ပြီး သက်ဆိုင်ရာ ဌာနသို့ ပေးပို့ခြင်းဖြင့် သော်လည်းကောင်း၊
  • Online Application ကို နှိပ်၍ ပုံစံ (Online Form) အား ဖြည့်စွက်ခြင်းဖြင့်သော်လည်းကောင်း

လျှောက်ထားနိုင်ပါသည်။

Download Files