Skip to main content

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သြဝါဒါခံယူပြီး ဘက်စုံပြင်ဆင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထား
မန်းရွှေစက်တော် ဆရာတော်များထံ သြဝါဒခံယူ

မကွေး     မတ်    ၂၁

#မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်သည် တိုင်းကောင်စီအဖွဲ့ဝင် များနှင်အတူ့ တိုင်း၊ခရိုင်၊မြို့နယ်မှ တာဝန်ရှိသူများ လိုက်ပါကာ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီက မန်းရွှေစက်တော်ဘုရားသို့ ရောက်ရှိပြီး  မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာ တော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သြဝါဒါခံယူပြီး မန်းရွှေစက်တော်ဘုရား ဘက်စုံပြင်ဆင်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော် ဆရာတော်များထံ သြဝါဒခံယူ

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်နှင့်အဖွဲ့သည် မန်းရွှေစက်တော် အောက်စက်တော်ရာသို့ရောက်ရှိကာ ပန်း၊ရေချမ်း၊ဆီမီးကပ်လှူပူဇော်ပြီး အောက်စက်‌တော်ရာ ခြေတော်ရာအား ရွှေသင်္ကန်းဆက်ကပ်လှူပူဇော်ခဲ့သည်။
 ယင်းနောက် မင်းဘူး(စကု)မြို့နယ် မန်းရွှေစက် တော်ရာဘုရား ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ဘဒ္ဒ န္တဝိသုတထံမှ ငါးပါးသီလ ဆောက်တည် ကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍  သြဝါဒါစရိယ ဆရာတော်ကြီးများက သြဝါဒကထာမြွတ်ကြားပြီး၊မင်းဘူးမြို့ မှန်ကင်းတိုက်သာသနဝေပုလ္လကျောင်း ပဓာနနာယကဆရာတော် မင်းဘူး(စကု)မြို့နယ်သံဃနာယ ကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တပုညထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ၊ ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

မန်းရွှေစက်တော် ဆရာတော်များထံ သြဝါဒခံယူ


ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့သည် မန်းရွှေစက်တော် ရာဘုရား ဘက်စုံပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ဘက်စုံပြင်ဆင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေ များအား လိုက်လံရှင်းလင်းတင်ပြပြီး၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအပေါ် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
#ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့သည် မန်းရွှေစက်တော်ရာအနီး ဆောင်ရွက်လျက်ရှိသည့် ရွှေစက်တော်ဒေသ သဘာဝအခြေခံခရီးသွားလုပ် ငန်း ဟော်တယ်ဇုံမြေနေရာအား ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုး ဦးမြင့်စိန်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများနှင့်  အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြခဲ့မှုအပေါ် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက လုပ်ငန်းများအရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေး မှာကြားသည်။
#ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီ အချိန်က  မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် GreenEarth Power(Thailand)Co.,Ltd က ဆောင်ရွက်လျက်ရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစနစ်ဖြင့် ဓာတ်အားထုတ်လုပ်သည့် ဆိုလာ စက်ရုံသို့ ရောက်ရှိရာ အဆိုပါစက်ရုံမှ (Deputy Plant Manager)ဦးညွှန့်အောင်က လုပ်ငန်း ဆောင်ရွက်မည့်စနစ်၊ဓာတ်အားထုတ်လုပ်ရန်လျာထားချက်နှင့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစနစ်မှ ထွက်ရှိလာမည့် ဓာတ်အားကို ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။