Skip to main content

မကွေးတိုင်းဒေသကြီး ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


မကွေး     မတ်     ၂၂
 ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ မတ်လ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။
 အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး၊၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၄)ဦးစိုးပိုင်မြင့်က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ဆက်လက်ပြီး အခမ်းအနားကျင်းပရေး လုပ်ငန်းဆပ်ကော်မတီများဖြစ်သည့် ဆက်ကပ်ရေး နှင့်ဧည့်ခံကျွေးမွေးရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ဘဏ္ဍာရေး၊ သံဃာတော်များပင့်ဖိတ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးဆပ်ကော်မတီနှင့် ပြန်ကြားရေးနှင့် သတင်း ထုတ်ပြန်ရေးဆပ်ကော်မတီ စသည့်ကော်မတီအသီးသီးမှ ဥက္ကဌများက မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်း တာဝန်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး၊ တင်ပြဆွေးနွေးမှုများအပေါ် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့သည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


အဆိုပါ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မတ်လ ၂၇ ရက်နေ့တွင် မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်၌ ကျင်းပသွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးအတွင်းမှ ဘွဲတံဆိပ်တော်ရ ဆရာတော် (၃၈)ပါး၊ သီလရှင် (၄)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။