
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၇၇၀.၀၀၀)ဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ မြေကွက်အမှတ်(ဒ-၁၁၂)၊ ဧရိယာ(၁.၀၀)ဧကတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧည့်ရိပ်သာဆောက်လုပ်ရန်နှင့် ပရိဘောဂ ပစ္စည်းများ ဝယ်ယူထားရှိနိုင်ရန်တို့အတွက် အိတ်ဖွင့်တင်ဒါများတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် -
စဉ် တင်ဒါအမှတ် လုပ်ငန်းအမျိုးအစား တင်ဒါပိတ်မည့်ရက်
(က) Lot-1 ဧည့်ရိပ်သာဆောက်လုပ်ရန် ၂၀.၁၁.၂၀၂၀
( ခ) Lot-2 ပရိဘောဂပစ္စည်းများဝယ်ယူရန် ၂၀.၁၁.၂၀၂၀
တင်ဒါပုံစံ၊ တင်ဒါစည်းကမ်းချက်များကို Download ရယူနိုင်ပြီး တင်ဒါပိတ်ရက်မှာ (၂၀.၁၁.၂၀၂၀)ရက်နေ့ (၁၆၃၀) နာရီဖြစ်ပြီး အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း(၀၆၃-၂၀၂၈၅၆၃ နှင့် ၀၆၃-၂၀၂၈၁၄၁)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။