Skip to main content

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

သရက် ဧပြီ ၂၉
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များနှင့်အတူ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက သရက်မြို့တေဇအားကစား ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ


အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က လမ်းညွှန်အဖွင့် အမှာစကားပြောကြားရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တင်ပြလိုသည်များ ရှိက တင်ပြကြရန်ပြောကြား ရာ မြစကိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က မိမိတို့ရွာတွင် လျှပ်စစ်မီး မရရှိသေးခြင်းနှင့် လယ်မြေများမိုးရေရရှိနိုင်စေရန် ရေမြောင်းတူးဖော် ပေးရေး၊ ညောင်ရွာငယ်ကျေးရွာနှင့် ကြာကန်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က မြန်မာ့ မီးရထားလမ်း ဖောက်လုပ်မှုကြောင့် ရေတိုက်စားမှုဖြစ်ပြီး ရေရရှိမှုမရှိသည့် လယ်ယာမြေများအတွက် ရေမြောင်း ပြန်လည်ဖောက်လုပ်ပေးရန်တင်ပြကာ အလတ်လယ်ကျေးရွာအုပ်ချုပ်ရေးမှူးက မိမိတို့ကျေးရွာ စာသင်ကျောင်း အတွက် ဆရာလိုအပ်ချက်ရှိနေခြင်းကို ဖြည့်ဆည်းပေးရန်တင်ပြခဲ့သည်။  

အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ


ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က နယ်မြေဒေသ အေးချမ်းသာယာရေးအတွက် မိမိတို့ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံ ရေးဆောင်ရွက် လျက်ရှိရာ မကွေးတိုင်းဒေသကြီးသည် အခြားတိုင်းဒေသကြီးများနှင့်စာလျှင် တည်ငြိမ်အေးချမ်းလျက်ရှိပြီး သရက်ခရိုင်သည် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်သဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆက်လက်၍ ကူညီဆောင်ရွက်သွားကြရန်နှင့် CDM ဝန်ထမ်းများကိုလည်း အလုပ်ပြန်လည် ဝင်ရောက်ရန် ယခုလကုန်အထိ အချိန်ပေးထားကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သရက်မြို့နယ် ၏ဒေသန္တရ အခြေအနေများကိုတင်ပြပြီး မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် မိမိတို့ တာဝန်ထမ်းဆောင်သည့်ကာလအတွင်း ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို အဓိကထား၍ ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကူညီ ဆောင်ရွက်ပေးရန်လိုအပ်ပြီး တပ်မတော်မှ တာဝန်ယူထားသည့် တစ်နှစ်တာကာလအတွင်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ မကြာမီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်စာရင်းများပြုစု တော့မည်ဖြစ်သဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများမှ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ဧည့်စာရင်းဉပဒေပြဌန်းပြီးဖြစ်၍ ဉပဒေနှင့်အညီလိုက်နာကြစေလိုကြောင်း အဖျက်သမားများ၏ သွေးထိုးလှုံဆော်မှုကို မယုံကြည်ကြပဲ မြဝတီနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သည့်သတင်းများကို ကြည့်ရှုစေလိုကြောင်းပြောကြားပြီး နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေနှင့်အညီတာဝန်ထမ်းဆောင်ကြစေလို ကြောင်း နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိ၍ ရပ်ရွာအေးချမ်းသာယာရေးကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။