Skip to main content

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး    ဧပြီ    ၃၀
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦးသည် ဧပြီလ ၃၀ ရက်နေ့က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်ဝင်း၊ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ဝင်းနှင့်အတူ မကွေးမြို့ပြည်တော်သာအိမ်ရာဝန်းအတွင်း R.I.E.C ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် ၈ ခန်းတွဲ ၅ ထပ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ ဆောက်လုပ်ရေးတာဝန်ခံ ဦးကျော်ဇင်လတ်က လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍  ရှင်းလင်း တင်ပြခဲ့ပြီး တင်ပြဆောင်ရွက်ခဲ့မှုအပေါ် ဗိုလ်မှူးကြီးမင်းဦးက လိုအပ်သည်များ မှာကြားဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


 ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦးသည် မင်းဘူး မြို့ အမှတ်(၄)ရပ်ကွက် နိုင်ငံဝန်ထမ်းအိမ်ရာ ၈ ခန်းတွဲ ၅ ထပ် တည်ဆောက်နေမှုအား လည်းကောင်း၊ ပွင့်ဖြူမြို့ စံပြကျေးရွာအနီးရှိ ကျော်သာဆောက်လုပ်ရေးကုမ္ကဏီမှ တာဝန်ယူ တည်ဆောက်သည့် ဝန်ထမ်းအိမ်ရာ ၈ ခန်းတွဲ ၅ ထပ် တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ကာ  ပွင့်ဖြူမြို့နယ် ထွေ/အုပ်ခန်းမတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


 ထို့နောက် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအနီး မိုင်တိုင်(၁၇/၂)နှင့်(၁၇/၃)ကြားရှိ တံတား အမှတ်(၁/၁၈)အား ပြန်လည်ပြင်ဆင်နေမှုနှင့်လမ်းအား ပြန်လည်ဖြောင့်တန်း ပြုပြင်နေသည့် ရွှေမန်း ကုမ္ပဏီ၏ တည်ဆောက်ရေးလုပ်ငန်းခွင်အားလည်းကောင်း၊ မင်းဘူးမြို့ တံတားစစ်ဆေးရေး ဂိတ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်/ရဲတပ်ဖွဲဝင်များ၏ နားနေဆောင်အား (၂၇-၄-၂၀၂၁) ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အမိုးအကာများ ပြန်လည်ပြုပြင် တပ်ဆင်နိုင်ရေးအတွက် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရ သည်။