Skip to main content

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး     မေ    ၂
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးလှိုင်တင့်နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၂ ရက်နေ့ နံနက်ပိုင်းက သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့သို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ  လယ်ယာမြေလုပ်ပိုင်ခွင့်ပြု ပုံစံ(၇)များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာအုပ်စုရှိ မဟာဗောဓိကုန်း ဘုန်းတော်ကြီးကျောင်းအတွင်း တူးဖော်ဆောင်ရွက်နေသော အောင်သြဘာရေကန် တူးဖော်နေမှုအား ကြည့်ရှုကာ မိုးမကျမီ  အချိန်မီပြီးစီးရေးအတွက် ကျေးလက် လမ်းဦးစီးဌာနအား ဘက်ဟိုး(၁)စီးနှင့်မြေသယ်ယာဉ်များ ထပ်မံဖြည့်ပေးရန် မှာကြားဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် နေသည့် လယ်ကျိုး-သမန်းကြီးလမ်း မြေသားတာဘောင်ချဲ့၊မြေနီလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်း ခန်းမဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု၍ လိုအပ်သည်များ မှာကြားကာ၊ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပြီး၊ ဆင်ပေါင်ဝဲမြို့ ကဗ္ဘာအေး ကျောင်းတိုက်သို့ သွားရောက်၍ မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်အား ဖူမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ထိုနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆင်ပေါင်ဝြဲမို့ မြို့နယ် ခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများတို့အား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့နှင့်ပေါင်းစပ်ပြီး ပူးပေါင်းဆောင်ရွက် ပေးကြရန်နှင့် အဖျက်အမှောက်လုပ်ကိုင်သူများ၏ သတင်းများကိုလည်း ပေးပို့ကြရန် မှာကြားခဲ့ပြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးလှိုင်တင့်က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများနှင့် မိမိတို့ဆောင်ရွက်နေရမှု အခြေအနေများကို ရှင်းလင်း ပြောကြားကာ တရားဥပဒေ စိုးမိုးရေးအတွက် အားလုံးမှ ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ မကွေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရှင်လင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ပြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာအုပ်စု၊ မွှန်းညောင်ပင်သာ၊ သာစည်၊ ကျောက်ချက်နှင့် လှေဝန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု ပုံစံ(၇)များ ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။