Skip to main content

မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတွင်(၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့

မကွေး     မေ      ၅
မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၌ (၅-၅-၂၀၂၁)ရက်နေ့တွင် ကျရောက်သည့်(၇၅) နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပ ပြုလုပ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့


အခမ်းအနားသို့ သန္ဒေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားဝန်ထမ်းများ၊ တိုင်းဒေသကြီး အဆင့် စံပြမီးသတ်ဆု၊မီးသတ်ကျင့်ဝတ်ဆု ရရှိသူများ၊သင်တန်းထူးချွန်ဆုရရှိသူများ၊ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ် ရရှိသူများနှင့်လုပ်သက်(၂၅)နှစ်ကျော် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က (၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြု မှတ်တမ်းလွှာ၊ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းနှင့်(၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်း အမှတ် (Video Clip)ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့


ဆက်လက်၍ နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးနှင့် သန္ဒေမီးသတ် တပ်ဖွဲ့ဝင်များ၊မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များသည် မကွေးမြို့ မဟာဝိသုကာရာမတိုက်သစ်(တောင်စာသင်တိုက်)၊ မြိုင်ညိုညိုတောရကျောင်းနှင့် လေးထပ်ဘုန်း တော်ကြီး ကျောင်းတိုက်တို့တွင် ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းဆက်ကပ်ခဲ့ပြီး၊ မဟာအောင် မြေဝိဇယပတ္တမြားဘုရားကြီး ဘက်စုံမွန်းမံရန်အတွက် အလှူငွေ ၁၀၀၀၀၀၀/ိ- (ကျပ်တစ်ဆယ်သိန်း) လှူဒါန်းခဲ့ကြကြောင်း သိရသည်။