Skip to main content

ရေနံချောင်း

ရေနံ​ချောင်းမြို့နယ်စည်ပင်မှ အထူးသန့်ရှင်း​ရေးဆောင်ရွက်

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ​ထွေအုပ်ရုံး​ထိပ်မှ အစိုးရစက်မှုလက်မှုသိပ္ပံ​ကျောင်း လမ်း​ဘေးဝဲယာရှိ အမှိုက်များအား အဖွဲ့ရုံးသန့်ရှင်း​ရေးဝန်ထမ်းများမှ(၂၄.၁.၂၀၂၁)ရက်​နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် အထူးသန့်ရှင်း​ရေး ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်စည်ပင်မှ စားသုံးရန်မသင့်သောအစားအသောက်အမှတ်တံဆိပ်များရောင်းချမှုမရှိစေရေးစစ်ဆေး

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးနှင့်ရတနာစျေးများတွင်စားသုံးရန်မသင့်သောအ​​စားအ​​သောက်အမှတ်တံဆိပ်များရောင်းချမှု မရှိစေရေးနှင့်လွင်လွင်အမှတ်တံဆိပ်ပါ(ယိုစုံ)အား စျေးများအတွင်းစျေးကွက်လက်ကျန်မရှိစေရေးအတွက် (၂၂.၁.၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့မ၊ရတနာစျေးကော်မတီများ၊မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း များမှ ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံ​ချောင်းမြို့နယ်စည်ပင်မှ မြို့နယ်​ဒေသ​ပေါက်​စျေးနှုန်း စိစစ်သတ်မှတ်​ရေး ​ကော်မတီအစည်းအ​ဝေးကျင်းပ

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ်တွင်​ဆောင်ရွက်မည့် တည်​ဆောက်​ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် မြို့နယ်အဆင့်​ဒေသ​ပေါက်​စျေးနှုန်း စိစစ်သတ်မှတ်​ရေး​ကော်မတီများနှင့်အတူ(၂၀.၁.၂၀၂၁)ရက်​နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်စည်ပင်မှ မြို့မမြောက်-ဆုံတိုက်ရပ်ကွက် အဖြူဆေးလိပ်ခုံအနီးတံတားတည်ဆောက်

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျပ်သိန်း(၁၀၀)အောက်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့မမြောက်-ဆုံတိုက်ရပ်ကွက် အဖြူဆေးလိပ်ခုံအနီး တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်အုပ်ချုပ် ရေးမှူး၊မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ (၁၂.၁.၂၀၂၁)ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်စည်ပင်မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများအတွက်ပစ္စည်းတင်ဒါဖွင့်ပွဲကျင်းပ

ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တည် ဆောက်ရေးလုပ်ငန်းများအတွက် ပစ္စည်းတင်ဒါဖွင့်ပွဲ အခမ်းအနားအား     လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယညွှန်ကြားရေးမှူး(မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့)၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာတို့မှ (၁၂.၁.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

​ရေနံ​ချောင်းမြို့နယ်စည်ပင်မှ ပင်း​ချောင်း​ရေစက်ရုံ၀န်း chain linkခြံစည်းရိုး ကာရံခြင်း​ဆောင်ရွက်ပြီးစီးမှုအ​​ခြေအ​နေအား ကွင်းဆင်းစစ်​ဆေး

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာ​ရေးနှစ် ကျပ်သိန်း(၁၀၀)​အောက် ​ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် ပင်း​ချောင်း​ရေစက်ရုံ၀န်း  chain link ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေအား အမှု​ဆောင်အရာရှိ၊တာ၀န်ခံအင်ဂျင်နီယာ၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၀င်များနှင့်အတူ (၂၉.၁၂.၂၀၂၀)ရက်​နေ့ ည​နေ (၃:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။

​ရေနံ​ချောင်းမြို့နယ်စည်ပင်မှ မြို့မ​မြောက်-ဆုံတိုက်ရပ်ကွက် အဖြူ​ဆေးလိပ်ခုံအနီး တံတားတည်​ဆောက်ခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုအ​ခြေအ​နေအား ကွင်းဆင်းစစ်​ဆေး

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာ​ရေးနှစ် ကျပ်သိန်း(၁၀၀)​အောက် ​ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် မြို့မ​မြောက်-ဆုံတိုက်ရပ်ကွက် အဖြူ​ဆေးလိပ်ခုံအနီးတံတားတည်​ဆောက်ရာတွင် သံ​ဘောင်ယက်မများ တပ်ဆင်​ဆောင်ရွက်​နေမှုအ​ခြေအ​နေအား အမှု ​ဆောင်အရာရှိ၊ တာ၀န်ခံအင်ဂျင်နီယာ၊မြို့နယ်စည် ပင်သာယာ​ရေး​ကော်မတီအဖွဲ့၀င်များနှင့်အတူ (၂၉.၁၂.၂၀၂၀)ရက်​နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။

​ရေနံ​ချောင်းမြို့နယ်စည်ပင်မှ ဗိုလ်ချုပ်ပန်းခြံသာယာလှပ​​ရေး​ဆောင်ရွက်​နေမှုအ​ခြေအ​နေအား ကွင်းဆင်းစစ်​ဆေး

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ဗိုလ်ချုပ်ပန်းခြံသာယာလှ​ရေး​ဆောင်ရွက်​နေမှု အ​ခြေအ​နေအား အမှု​ဆောင်အရာရှိ၊တာ၀န်ခံအင်ဂျင်နီယာ၊ မြို့နယ်စည်ပင်သာယာ​ရေး​​ကော်မတီ အဖွဲ့၀င်များနှင့်အတူ (၂၈.၁၂.၂၀၂၀)ရက်​နေ့ ည​နေ (၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်​ဆေးခဲ့ကြောင်း သိရသည်။

​ရေနံ​ချောင်းမြို့နယ်စည်ပင်မှ ဆိပ်သာကွန်း​ထောက်ပန်းခြံ chain link ခြံစည်းရိုးကာရံခြင်း လုပ်ငန်း​ဆောင်ရွက်

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာ​ရေးနှစ် ကျပ်သိန်း(၁၀၀)​အောက် ​ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် ဆိပ်သာကွန်း​ထောက်ပန်းခြံ  chain link ခြံစည်းရိုး ကာရံခြင်းနှင့်တံခါး( ​၂)​ပေါက်တပ်ဆင်ခြင်းလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေအား အမှု​ဆောင်  အရာရှိ၊  တာ၀န်ခံအင်ဂျင်နီယာ၊မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီအဖွဲ့၀င်များနှင့်အတူ     (၂၈.၁၂.၂၀၂၀)ရက်​နေ့ နံနက် (၁၁:၀၀)နာရီအချိန် တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

​ရေနံ​ချောင်းမြို့နယ်စည်ပင်မှ အဖွဲ့ပိုင်​စျေးများအတွင်းစည်းကမ်းထိန်းသိမ်း​ရေးလုပ်ငန်းများ​ဆောင်ရွက်

​ရေနံ​ချောင်းမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ပိုင်​စျေးများတွင် ​စျေးသည်များ နှင့် ​စျေးဝယ်များ ​စျေး​ရောင်း​စျေးဝယ်ပြုလုပ်ရာတွင်Maskတပ်ဆင်ခြင်းရှိ/မရှိအား မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ဝန်ထမ်းများမှ စနစ်တကျကွင်းဆင်းကြပ်မတ်၍ (၂၀.၁၂.၂၀၂၀)ရက်​နေ့ နံနက်(၈:၀၀) နာရီ အချိန်တွင် စည်းကမ်းထိန်းသိမ်း​ ရေးလုပ်ငန်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Subscribe to ရေနံချောင်း